http://yinminkhine.multiply.com/journal/item/50?&show_interstitial=1&u=%2Fjournal%2Fitem
နည်းပညာဆိုဒ်များကိုစုစည်းထားတာပါ။။
Popular Posts
-
http://www.mmsoftwarecity.co.cc/
-
http://yinminkhine.multiply.com/journal/item/50?&show_interstitial=1&u=%2Fjournal%2Fitem နည်းပညာဆိုဒ်များကိုစုစည်းထားတာပါ။။
-
http://www.hulkshare.com/q8ppf4aa0rb0
-
Get the Maukie - the virtual cat widget and many other great free widgets at Widgetbox ! Not seeing a widget? ( More info )
-
အူဘွန်းတူး လင်းနက်စ် ထည့်သွင်း လမ်းညွှန် ( ၉ .၀၄ ) Translated from official Ubuntu Documentation 9.04 ဘာသာပြန်ဆိုသူ Jake Aung www.myanmar...
-
http://api.ning.com/files/ifeH9ZBbelJI6puE-8Br7zExjIACUAs9pTSR*Fp1fcUPAvjStY5IXH4By4NG091L6wmFE20pD1CqwyTsYV9uSqB8oHFORkadJ02CMPkDyzw_/file....
-
Myanmar Online Music| Myanmar Online Mp3 Songs: Sai Sai Kham Hlaing - Date Date Kye
Saturday, March 24, 2012
Tuesday, March 13, 2012
Transformer
အူဘွန်းတူး လင်းနက်စ် ထည့်သွင်း လမ်းညွှန် ( ၉ .၀၄ )
Translated from official Ubuntu Documentation 9.04
ဘာသာပြန်ဆိုသူ
Jake Aung
www.myanmaritpro.com
jake@mmlinux.org
သတိပေးချက်။ ။ ဤလမ်းညွှန်ကို မည်သူမဆို အခမဲ့ ရယူ ဖတ်ရှု ဖြန့်ဝေနိုင်သည်။ သို့သော် အခကြေးငွေ ယူ၍
တဆင့်ပြန်လည် ဖြန့်ဝေရောင်းချခြင်း မပြုလုတ်ရ။ ဤလမ်းညွှန်ကို လက်ဝယ်ရှိသူတိုင်း အထက်ပါ
သတိပေးချက်ကို နားလည်လက်ခံပြီးဖြစ်သည်ဟု ယူဆသည်။
Version 0.3
2
မာတိကာ
၁။ စကားဦး
၁/၁။ အူဘွန်းတူးဆိုတာ
၁/၂။ GNU/Linux ဆိုတာ
၁/၃။ အူဘွန်းတူးကို ရယူရန်
၂။ ကွန်ပျုတာစနစ် လိုအပ်ချက်
၃။ အူဘွန်းတူး မထည့်သွင်းခင်
၃/၁။ Backup လုတ်ပါ
၃/၂။ ကွန်ပျူတာအစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေကို ချရေးထားပါ
၃/၃။ Hard Disk ကို Partition ပိုင်းပါ
၃/၄။ ဒီလမ်းညွှန်ကို Print ထုတ်ပါ
၎။ အူဘွန်းတူး ထည့်သွင်းမူစနစ်ကို စတင်ခြင်း
၅။ အူဘွန်းတူး ထည့်သွင်းမှုစနစ်ကို အသုံးပြုခြင်း
၆။ အူဘွန်းတူး ထည့်သွင်းပြီးနောက်
စာညွှန်း
3
၁။ စကားဦး
အူဘွန်းတူး လင်းနက်စ်ကို သုံးစွဲဖို့ ကြိုးစားတာကို ကြိုဆိုပါတယ်။ အူဘွန်းတူးက တခြား လင်းနက်စ်
တွေနဲ့မတူတဲ့ GNU လင်းနက်စ် တခုပါ။ သူက Debian လင်းနက်စ်ကို အခြေခံထားပါတယ်။ မူလ
ရည်ရွယ်ချက်ကတော့ တည်ငြိမ်ပြီး သုံးစွဲရလွယ်ကူတဲ့ လင်းနက်စ်တခုကို သာမန်သုံးစွဲသုတွေ
လက်ထဲထည့်ပေးဖို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ အူဘွန်းတူးက လူသုံးအများဆုံး လင်းနက်စ်ဖြစ်နေပါတယ်။
ဒါကြောင့် လင်းနက်စ်ကို စတင်သုံးစွဲမယ့် သူတွေအတွက် အလွယ်တကူ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး
မြန်မာဘာသာပြန် ထည့်သွင်းလမ်းညွှန်ကို ရေးသားရခြင်းဖြစ်ပါတယ်။ အကယ်ရွေ့ လင်းနက်စ်နဲ့ ရင်းနှီးပြီးသား
ဆိုရင်တော့ ဒီလမ်းညွှန်ကို ဖတ်ဖို့လိုမှာ မဟုတ်ပါဘူး။ တကယ်တော့ အူဘွန်းတူးက အလွယ်တကူ
ထည့်သွင်းနိုင်အောင် စီစဉ်ထားတဲ့ Operating System တခုပါ။
ဒီလမ်းညွှန်ကို အူဘွန်းတူးရဲ့ တရားဝင် အင်္ဂလိပ်ဘာသာ လမ်းညွှန်မှ မြန်မာဘာသာသို့ ဆီလျော်အောင်
ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ အူဘွန်းတူးရဲ့ မူရင်းလမ်းညွှန်က အလွန်ပြည့်စုံပြီး အစစအရာရာ
အသေးစိက်ရေးသားထားတယ့်အတွက် မူရင်းလမ်းညွှန်ကို အတိအကျ ဘာသာပြန်ရင် လင်းနက်စ်ကို အခုမှ
စတင်သုံးစွဲသူတွေအတွက် ဖတ်ရှုရန် ခက်ခဲနိုင်တာကြောင့် အဓိကအချက်တွေကိုသာ အဆင်ပြေအောင်
ဘာသာပြန်ပေးထားပါတယ်။ စာလုံးပေါင်းသတ်ပုံနှင့် စကားပြေ အရေးအသား အဆင်မပြေပါက ခွင့်လွတ်ဖို့
ကြိုတင်တောင်းပန်ပါတယ်။
ဝေဖန် အကြံပြုချက်တွေကိုတော့ jake@mmlinux.org ကို အီးမေးပို့ပြီး ပြုလုတ်နိုင်ပါတယ်။
၁/၁။ အူဘွန်းတူးဆိုတာ
အူဘွန်းတူးကို မသုံးခင် သူ့အကြောင်း အနည်းငယ်သိဖို့တော့ လိုပါတယ်။ အူဘွန်းတူးက လွတ်လက်စွာ
ဖွင့်လှစ်ပေးထားသော (Open Source) လင်းနက်စ် ကွန်ပျူတာစနစ် (Operating System) တခုဖြစ်ပါတယ်။
အခမဲ့ လွတ်လက်စွာ သုံးစွဲပြုပြင်နိုင်တဲ့ ကွန်ပျူတာစနစ် တခုလည်းဖြစ်ပါတယ်။ အူဘွန်းတူးဟာ
အောက်ပါအခြေခံအချက် ၄ချက်ကို အဓိကအလေးပေးထားပါတယ်။
• အူဘွန်းတူးဟာ အစဉ်အမြဲအခမဲ့ ဖြစ်နေမှပါ။
• အူဘွန်းတူးမှာ အကောင်းဆုံး ဘာသာပြန်မှုနဲ့ သုံးဆွဲမှု အခြေခံနည်းပညာ အဆောက်အအုံတွေကို
ထည့်သွင်းပေးထားခြင်းဖြင့် အူဘွန်းတူးကို သုံးစွဲသူဦးရေ များနိုင်သမျှများအောင်
စီစဉ်ပေးထားပါတယ်။
• အူဘွန်းတူးကို ပုံမှန် ၆လတစ်ကြိမ် အသစ်ထုတ်လုတ်ပါတယ်။
• အူဘွန်းတူးဟာ Open Source ဆော့ဖ်ဝဲ တည်ဆောက်မှုရဲ့ အခြေခံသဘောတရားတွေကို
အပြည့်အဝ ယုံကြည်ခံယူထားပါတယ်။ Open Source ဆော့ဖ်ဝဲတွေကို သုံးစွဲပါ ပြုပြင်ပါ ပြီးတော့
ဆက်လက် လက်ဆင့်ကမ်းလိုက်ပါ။
အူဘွန်းတူးမှာ အဓိကအားဖြင့် Desktop နဲ့ Server ဆိုတဲ့ မူကွဲ နှစ်မျိုးရှိပါတယ်။ ဒီမူကွဲ နှစ်မျိုးကို
တိုက်ရိုက်ဘာသာပြန်ရတာ အဆင်မပြေတဲ့အတွက် အင်္ဂလိပ်လိုပဲ သုံးစွဲပါ့မယ်။ ဒီလမ်းညွှန်ကတော့ Desktop
4
မူကွဲကို ရည်ရွယ်ပါတယ်။ အူဘွန်းတူးကို ကွန်ပျူတာပုံစံ အမျိုးမျိုးမှာ (Intel x86 (IBM-compatible PC),
AMD64 (Hammer) and PowerPC (Apple iBook and Powerbook, G4 and G5) architectures)
ထည့်သွင်းလို့ရပါတယ်။ အူဘွန်းတူးလင်းနက်စ်ကို Canonical Ltd. မှ အထောက်အကူပေးထားပါတယ်။
အူဘွန်းတူးက Debian လင်းနက်စ်ကို အခြေခံပြီး ခွဲထွက်ရေးသားထားတဲ့ လင်းနက်စ်မူကွဲ တခုဖြစ်လို့
သုံးစွဲပုံခြင်း ဆင်တူပါတယ်။ ဒီနေရာမှာ Debian လင်းနက်စ်အကြောင်း အသေးစိတ် မဖော်ပြတော့ပါ။
၁/၂။ GNU/Linux ဆိုတာ
လင်းနက်စ်ဆိုတာ ကွန်ပျူတာမောင်းနှင်မှု operating system စနစ်တစ်ခုဖြစ်ပါတယ်။
ဒီလိုစနစ်ထည်းမှာ ကွန်ပျူတာ အစီအစဉ် အစိတ်အပိုင်း programs တွေ စုဝေးပါဝင်ပါတယ်။ အဲဒီလို
စနစ်တစ်ခုမှာ အဓိကအကျဆုံးကတော့ kernel ပါ။ GNU/Linux စနစ်တစ်ခုမှာ လင်းနက်စ်က အဲဒီ kernel
ဖြစ်ပြီးတော့ မောင်းနှင်မှုစနစ် တစ်ခုဖြစ်အောင် တခြား GNU programs တွေ စုပေါင်းပါဝင်ပါတယ်။ လင်းနက်စ်
kernel တစ်ခုထည်းနဲ့ ကွန်ပျူတာ မောင်းနှင်မှုစနစ် operating system တစ်ခုမဖြစ်နိုင်ပါဘူး။ ဒါကြောင့်
လင်းနက်စ်ရေးသားသူတွေက GNU/Linux လို့ခေါ်လေ့ရှိပြီး သာမန်လူအများစုကတော့ လင်းနက်စ်လို့ပဲ
ခေါ်ကြပါတယ်။
လင်းနက်စ်က ယူးနစ် Unix က ဆင်းသက်လာတယ့် စနစ်တစ်ခုပါ။ GNU/Linux ကို ၁၉၈၄ မှာ Free
Software Foundation က စတင် အကောင်အထည်ဖော်ခဲ့တာပါ။ Free Software Foundation က
အခကြေးငွေ ပေးဝယ်စရာ မလိုပဲ သုံးနိုင်ပြီး ယူးနစ်ကိုခြေခံတယ့် စနစ်တွေ ပေါပေါက်လာအောင် လိုအပ်တယ့်
ဆော့ဖ်ဝဲတွေကို ပရိုဂမ်မာတွေအတွက် အခမဲ့ ကူညီထောက်ပံခဲ့ပါတယ်။ ပထမဆုံး လင်းနက်စ် kernel ကိုတော့
၁၉၉၁ မှာ ဖင်လန်နိုင်ငံသား ကွန်ပျူတာသိပ္ဗံကျောင်းသား Linus Torvalds က ရေးသားခဲ့တာပါ။
လင်းနက်စ်ဟာ အခမဲ့ ရယူနိုင်ခြင်း၊ နှစ်သက်ရာ ဆော့ဖ်ဝဲ အများအပြားကို လွတ်လက်စွာ
ရွေးချယ်အသုံးပြုနိုင်ခြင်း၊ အလွယ်တကူ crash မဖြစ်ခြင်း၊ ပရိုဂမ်အများအပြားကို အဆင်ပြေစွာ တပြိုင်တည်း
run နိုင်ခြင်း၊ အခြား operating system စနစ်များထက် ပိုမိုလုံခြုံမှုရှိခြင်း စသည်တို့ကြောင့် ကွန်ပျူတာ
သုံးစွဲသူတွေကြားသာမက စီးပွားရေး လုတ်ငန်းများမှာပါ တဖြည်းဖြည်း လူသိများ သုံးစွဲလာကြတာ ဖြစ်ပါတယ်။
၁/၃။ အူဘွန်းတူးကို ရယူရန်
အူဘွန်းတူးကို မူလနေရာမှ http://www.ubuntu.com/getubuntu အလွယ်တကူ ရယူနိုင်ပါတယ်။
Internet မှ ရယူရန် ခက်ခဲနေပါက နီးစပ်ရာ CD အရောင်းဆိုင်များမှဖြစ်စေ၊ အသိမိတ်ဆွေများမှဖြစ်စေ ရယူပါ။
ရန်ကုန်မှလူများအတွက် အောက်ပါလိပ်စာတွင် အခမဲ့သွားရောက် ရယူနိုင်ပါကြောင်း။
Cycodyno Internet Café လမ်း ၅၀ , ဗိုလ်ချုပ်လမ်း နှင့် အနော်ရထာလမ်းကြား (နေရာပြောင်း)
TODAY Internet အမှတ် (၅၂၈)၊(ဂ) ရပ်ကွက်၊ မေဓါဝီလမ်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန်
Nonerror Internet Cafe` အမှတ် ၁၉၈၊ အခန်း (၆)၊ ရေတာရှည်လမ်းသစ်၊ဗဟန်း
5
၂။ ကွန်ပျူတာစနစ် လိုအပ်ချက်
အူဘွန်းတူးကို မထည့်သွင်းခင် ပထမဦးဆုံး သင့်ရဲ့ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေက အူဘွန်းတူးနဲ့
အဆင်ပြေမပြေ ဆိုတာကို သိထားဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ Intel နဲ့ AMD ကို အခြေခံတဲ့ ကွန်ပျူတာ
အတော်များများနဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကွန်ပျူတာရဲ့ တချို့အစိတ်အပိုင်းတွေကို အူဘွန်းတူးက
မသိခဲ့ရင် အဲဒီ အစိတ်အပိုင်းတွေက အလုတ်ကောင်းကောင်း လုတ်မှာမဟုတ်ပါဘူး။ သင့်ကွန်ပျူတာရဲ့
အစိတ်အပိုင်းတွေ အူဘွန်းတူးနဲ့ အဆင်ပြေမပြေ သိချင်ရင် http://www.tldp.org/HOWTO/Hardware-
HOWTO/ မှာ သွားရောက် ကြည့်ရှုစစ်ဆေး နိုင်ပါတယ်။ Laptop သုံးသူတွေ အတွက်ကတော့
http://www.linux-laptop.net/ မှာ သွားရောက်ကြည့်ရှုစစ်ဆေး နိုင်ပါတယ်။
အူဘွန်းတူး ထည့်သွင်းဖို့အတွက် အနည်းဆုံးလိုအပ်တွေကတော့
အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။
အူဘွန်းတူးကို အဆင်ပြေစွာ သုံးစွဲနိုင်ရန်
# 700 MHz x86 processor
# 384 MB of system memory (RAM)
# 8 GB of disk space
# Graphics card capable of 1024x768 resolution
# Sound card
# A network or Internet connection
# CD/DVD Drive
Visual effects နဲ့ Graphic တွေကို ကောင်းကောင်း အသုံးပြုနိုင်ရန်
# 1.2 GHz x86 processor
# 512 MB of system memory (RAM)
# Supported graphics card
ဖော်ပြထားတဲ့ လိုအပ်ချက်တွေက အနည်းဆုံး လိုအပ်ချက်တွေဖြစ်လို့ သင့်မှာ ပိုမိုကောင်းမွန်တဲ့
processor နဲ့ system memory ရှိရင် အူဘွန်းတူးကို ပိုပြီး မြန်ဆန်ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
6
၃။ အူဘွန်းတူး မထည့်သွင်းခင်
Operating System တစ်ခုမှ မရှိသေးတယ့် ကွန်ပျူတာအသစ်ထဲကို အူဘွန်းတူးထည့်မယ်ဆိုရင်
ပြဿနာသိပ်မရှိနိုင်ပေမယ့် အများစုကတော့ OS ရှိပြီးသားစက်ထဲကို ထည့်ကြတာပါ။ ဒါဆိုရင်တော့
အူဘွန်းတူးမထည့်ခင် ကြိုတင်ပြင်ဆင်စရာတွေရှိပါတယ်။
၃/၁။ Back up လုတ်ပါ
OS ရှိပြီးသား ကွန်ပျူတာကို OS အသစ်တွေ ထပ်မတင်ခင်မှာ Back up လုတ်တာ
အလွန်လိုအပ်တယ့် အလုတ်တစ်ခုပါ။ ဘယ်လိုစိတ်ချရတယ့် partition software ကိုပဲသုံးသုံး လက်ရှိ OS နဲ့
Hard Disk ထည်းက အရေးကြီးတယ့် အချက်အလက်တွေအားလုံးကို Back up လုတ်ပါ။ အကာင်းဆုံးကတော့
တခြား Hard Disk ထဲကိုကူးထားတာပဲဖြစ်ဖြစ် CD/DVD ထဲကူးထားတာပဲဖြစ်ဖြစ် လုတ်လိုက်ပါ။
၃/၂။ ကွန်ပျူတာအစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေကို ချရေးထားပါ
အူဘွန်းတူးက ပုံမှန်အားဖြင့် ကွန်ပျူတာအစိတ်အပိုင်းတွေ အတော်များများကို
အလိုလျောက်သိတယ်ဆိုပေမယ့် အခြေနေအကြောင်းကြောင်းကြောင့် အဆင်မပြေခဲ့ရင် online မှာ driver
software ရှာလို့ရအောင် ကွန်ပျူတာအစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေကို ကြိုတင်ချရေးထားပါ။
Windows သုံးတယ့်သူတွေကတော့ Control Panel က Device Manager မှာ သွားရောက်ရယူနိုင်ပါတယ်။
၃/၃။ Hard Disk ကို Partition ပိုင်းပါ
အူဘွန်းတူးကိုတင်မယ့် Hard Disk က လက်ရှိသုံးနေတယ့် OS ရဲ့ Hard Disk နဲ့အတူတူပဲ ဆိုရင်တော့
လက်ရှိ Hard Disk ကို Partition ပိုင်းရပါမယ်။ အကယ်ရွေ့ အူဘွန်းတူးတင်မယ့် Hard Disk က လက်ရှိ OS ရဲ့
Hard Disk နဲ့ မတူဘူးဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Hard Disk Partition
လုတ်တော့မယ်ဆိုရင်တော့ ကွန်ပျူတာထဲက အချက်အလက်တွေကို Back up လုတ်ထားပြီးဖြစ်ဖို့လိုပါတယ်။
အူဘွန်းတူးကို တင်တယ့်အခါ ပြဿနာအတက်ဆုံး အချက်ကတော့ Hard Disk Partition ပါပဲ။
အတော်များများက Hard Disk Partition အကြောင်းကို သေသေခြာခြာမသိတယ့်အတွက်
အူဘွန်းတူးတင်တယ့်အခါ အဆင်မပြေဖြစ်တတ်ပါတယ်။ Windows သုံးတယ့်သူတွေကတော့ partition ဆိုတာ
C: Drive, D: Drive လို့ပဲသိထားတယ့်အတွက် လင်းနက်စ်ထည်းမှာ partition တွေကို hda, hdb, sda, sdb လို့
တွေ့တယ့်အခါ ဘယ်ဟာက ဘယ် volume, ဘယ် partition ကိုရည်ညွှန်းမှန်းမသိ ဖြစ်တတ်ပါတယ်။
အူဘွန်းတူးအတွက် partition မပိုင်းခင် Hard Disk ရဲ့ volume နဲ့ partition တွေအကြောင်း
အနည်းငယ်ပြောလိုပါတယ်။ သာမန်ကွန်ပျူတာတစ်လုံးမှာ IDE controller နှစ်ခုရှိပါတယ်။ IDE0 နဲ့ IDE1
လို့ပဲခေါ်ခေါ် Primary IDE နဲ့ Secondary IDE လို့ပဲခေါ်ခေါ် နှစ်ခုရှိတာကို သိထားရင်ရပါပြီ။ Controller
တစ်ခုမှာ ထပ်ပြီး master နဲ့ slave ဆိုပြီး Hard Disk နှစ်ခုတပ်နိုင်ပါတယ်။ ဒီလိုဆိုရင် ကွန်ပျူတာတစ်လုံးမှာ
IDE Hard Disk လေးခုတပ်နိုင်တာပေါ့။ SCSI drive တွေကိုတော့ sda, sdb, စသည်ဖြင့် သတ်မှတ်ပါတယ်။
7
Controller Hard Disk Volume
IDE 0 or Primary Master /dev/hda
IDE 0 or Primary Slave /dev/hdb
IDE 1 or Secondary Master /dev/hdc
IDE 1 or Secondary Slave /dev/hdd
ပုံမှန်ဆိုရင်တော့ Hard Disk တစ်ခုနဲ့ CD/DVD Drive တစ်ခုတပ်လေ့ရှိပါတယ်။ ဝင်းဒိုးစ် ကိုတော့
Primary Master Hard Disk မှာပဲတင်လေ့ရှိပါတယ်။ တော်တော်များများကတော့ ဝင်းဒိုးစ် ရှိတယ့်နေရာကို C:
Drive လို့သိကြပါတယ်။ ဝင်းဒိုးစ်နဲ့ လင်းနက်စ်မှာ Hard Disk တွေကို ဘယ်လိုသတ်မှတ်ကြတယ်ဆိုတာကို
ဥပမာတစ်ခုလောက်ပြရင် ကွဲကွဲပြားပြား သိနိုင်မယ်လို့ထင်ပါတယ်။ စာရေးသူရဲ့ ကွန်ပျူတာထဲမှာ Hard Disk
နှစ်လုံးနဲ့ DVD တစ်ခုတပ်ထားတယ်ဆိုပါစို့။ Hard Disk နှစ်လုံးကို Primary IDE မှာ master နဲ့ slave ဆိုပြီး
တပ်ထားပြီးတော့ DVD drive ကိုတော့ Secondary IDE ရဲ့ master အနေနဲ့တပ်ထားပါတယ်။ Master Hard
Disk မှာ partition (C: drive) တစ်ခုပဲရှိပြီး Secondary Hard Disk မှာတော့ partition (D: and E:)
နှစ်ခုရှိပါတယ်။ DVD Drive ကတော့ F: drive ပေါ့။ လင်းနက်စ်တင်မယ့် partition ကတော့ E: ပါ။ အဲဒီ
partition ကို format မချပဲ ဒီတိုင်းထားထားပါတယ်။ အူဘွန်းတူးတင်တယ့်အခါကျမှ format ချပါမယ်။
ဒါတွေအားလုံးကို အောက်ကဇယားမှာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှင်းသွားမှာပါ။ လင်းနက်စ်မှာ partition
တွေကို နံပါတ်တွေ အစဉ်လိုက်ပေးတတ်ပါတယ်။
Drive Windows Partition Linux Partition File System
Primary Master C: /dev/hda1 NTFS
Primary Slave D: /dev/hdb1 FAT32
Primary Slave E: /dev/hdb2 Unformatted (RAW)
Secondary Master F: /dev/hdc1
Secondary Slave None
ဒီလောက်ဆိုရင် ဝင်းဒိုးစ်နဲ့ လင်းနက်စ်မှာ partition တွေကို ဘယ်လိုနာမည်ပေးတယ်ဆိုတာကို
သိလောက်ပါပြီ။ အထက်က ဥပမာအတိုင်းဆိုရင် အူဘန်တူးတင်တယ့်အခါ /dev/hdb2 ကိုရွေးပေးလိုက်ရုံပါပဲ။
အကာင်းဆုံးကတော့ အူဘွန်းတူးလင်းနက်စ် မတင်ခင်မှာ software တစ်ခုခုသုံးပြီး အူဘွန်းတူးအတွက်
partition တစ်ခုအရင်လုတ်လိုက်ပါ။ ဝင်ဒိုးစ်ရဲ့ Disk Management ကိုသုံးပြီး partition တွေလုတ်နိုင်ပေမယ့်
free software ကောင်းကောင်းတစ်ခုကို ညွှန်းလိုပါတယ်။ ဒီ software ကို သုံးကြည့်ပါ။
http://www.partition-tool.com/personal.htm
၃/၄။ ဒီလမ်းညွှန်ကို Print ထုတ်ပါ
အူဘွန်းတူးကို မတင်ခင် ပြင်ဆင်စရာတွေ အကုန်လုံးပြီးသွားတယ့်အခါ ဒီလမ်းညွှန်ကို print
ထုတ်ဖို့မမေ့ပါနဲ့။ အကယ်ရွေ့ သင့်မှာကွန်ပျူတာ တစ်လုံးပဲရှိတယ်ဆိုရင် အူဘွန်းတူးကို
စတင်တယ့်အချိန်ကစပြီး သင့်ရဲ့ကွန်ပျူတာမှာ ဒီလမ်းညွှန်ကို ဖတ်လို့မရတော့ပါဘူး။ ကျနော်ပြောတာကို
နားလည်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အူဘွန်းတူးကို တင်နေတယ့်အချိန်မှာ သင့်ရဲ့နဂို OS
ကိုသွားပြီး ဒီလမ်းညွှန်ကိုဖတ်လို့မရပါဘူး။ ဒါကြောင့် အူဘွန်းတူးတင်နေတယ့်အချိန်မှာ
ဒီလမ်းညွှန်ကိုဖတ်လို့ရအောင် ကြိုပြီး print ထုတ်ထားပါ။
8
၎။ အူဘွန်းတူး ထည့်သွင်းမူစနစ်ကို စတင်ခြင်း
အလွယ်ကူဆုံး ထည့်သွင်းမှုနည်းလမ်းကတော့ အူဘွန်းတူး ထည့်သွင်းမှု CD သုံးစွဲခြင်းပါပဲ။ အဲဒီ CD
Image ကို အပိုင်း ၁/၂ မှာဖော်ပြထားတယ့်အတိုင်း ရယူနိုင်ပါတယ်။ အကယ်ရွေ့ သင့်မှာ အူဘွန်းတူး
ထည့်သွင်းမှု CD ရှိပြီး သင့်ကွန်ပျူတာက CD ကို boot လုတ်နိုင်တယ်ဆိုရင် အူဘွန်းတူးကို
စတင်ထည့်သွင်းနိုင်ပါပြီ။ သင့်ကွန်ပျူတာရဲ့ BIOS ထည်းက Boot Sequence မှာ CD-ROM ကို
ပထမဆုံးဖြစ်အောင် ပြင်လိုက်ပါ။ ပြီးရင် CD ကိုထည့်ပါ။ သင့်ကွန်ပျူတာကို reboot လုတ်လိုက်ပါ။
ပုံမှန်အားဖြင့် အူဘွန်းတူးစနစ်ဟာ CD ကနေ boot လုတ်ပြီး သင့်ကို ဘာသာစကားရွေးခိုင်းတယ့် screen
ကိုတွေ့ပါလိမ့်မယ်။ အဲဒီ ကိုတွေ့ပြီးရင် အပိုင်း ၅ ကို ဆက်ဖတ်ပါ။
အကယ်ရွေ့ သင့်ကွန်ပျူတာက CD-ROM ကနေ boot မလုတ်ခဲ့ရင် ဒါမှမဟုတ် boot
လုတ်ပြီးသည့်တိုင်အောင် CD-ROM ကနေ install မလုတ်နိုင်ခဲ့ရင် ဒါမှမဟုတ် CD-ROM error တက်ခဲ့ရင်
အောက်ပါအကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
• CD ကိုထုတ်ပြီး သေသေခြာခြာ ပြန်ထည့်ပါ။ CD မညစ်ပက်စေပါနဲ့။
• တချို့ CD-ROM အဟောင်းတွေက high speed CD writer နဲ့ရေးထားတယ့် CD image တွေကို
ကောင်းကောင်းမဖတ်နိုင်ပါဘူး။
• သင့်ရဲ့ CD-ROM ဒါမှမဟုတ် CD-ROM ရဲ့ controller က လင်းနက်စ်နဲ့ မကိုက်ညီတာလည်း
ဖြစ်နိုင်ပါတယ်။ CD-ROM က boot နိုင်တိုင်းလည်း သင့် က လင်းနက်စ်နဲ့ ကိုက်ညီတယ်လို့
မဆိုနိုင်ပါဘူး။
• တချို့ CD-ROM အဟောင်းတွေက “direct memory access” DMA ကို enable လုတ်ထားရင်
ကောင်းကောင်း အလုတ်မလုတ်တတ်ပါဘူး။
• အူဘွန်းတူး CD image ကို download လုတ်တုန်းက အပြည့်အဝ မဖြစ်တာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ download လုတ်ထားတယ့် CD image ကို သေသေခြာခြာပြန်စစ်ပါ။ မူရင်း
ဝက်ဆိုက်က download CD image ပမာဏနဲ့ သင့်စက်ထည်းက CD image ရဲ့ပမာဏကို
ယှဉ်ကြည့်ပါ။
9
၅။ အူဘွန်းတူး ထည့်သွင်းမှုစနစ်ကို အသုံးပြုခြင်း
အူဘွန်းတူးကို CD ကနေ boot လုတ်ပြီး ထည့်သွင်းပြီးတယ့်အထိ အဆင့်တွေအားလုံးကို
အလွယ်တကူ တွေ့မြင်နားလည်နိုင်အောင် screenshot တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံး တွေ့ရမှာကတော့ ဘာသာစကားရွေးခြင်းပဲ ဖြစ်ပါတယ်။ အူဘွန်းတူးစနစ်ကို မြန်မာဘာသာနဲ့
ဖြစ်အောင်လုတ်နေတယ်လို့ ကြားမိပေမယ့် အခုထိတော့ မတွေ့သေးတယ့် အတွက်ကြောင့် အင်္ဂလိပ်ဘာသာနဲ့ပဲ
ဆက်သွားကြမှာဖြစ်ပါတယ်။
10
နောက် screen မှာတော့ “Try Ubuntu without any change to your computer” ကိုရွေးပါ။ အူဘွန်းတူး
ထည့်သွင်း CD ဟာ Live-CD ဖြစ်တယ့်အတွက်ကြောင့် အူဘွန်းတူးကို မထည့်သွင်းခင် သင့်ကွန်ပျူတာနဲ့
ကိုက်မကိုက် စမ်းသုံးကြည့်နိုင်ပါတယ်။
11
အထက်ကအတိုင်း ရွေးလိုက်တယ့်အခါ ကွန်ပျူတာက အူဘွန်းတူး desktop စနစ်ကို စတင်ပါလိမ့်မယ်။ အဲဒီ
desktop စနစ်က ကွန်ပျူတာရဲ့ Hard Disk ကိုမထိပဲ Memory ပေါ်မှာသာ run တယ့်အတွက် အဲဒါကို Live
System လို့ခေါ်ပါတယ်။ သင့်ကွန်ပျူတာထည်းကို အူးဘွန်းတူးထည့်သွင်းဖို့အတွက် desktop ပေါ်က Install
ဆိုတယ့် hard drive icon လေးကို double-click လုတ်လိုက်ပါ။
12
အူဘွန်းတူးရဲ့ ထည့်သွင်းမှုစတင်ပါပြီ။ ပထမဆုံး ဘာသာစကားရွေးပါ။ မြန်မာဘာသာ မရှိသေးတယ့်
အတွက်ကြောင့် အင်္ဂလိပ် ဘာသာကိုပဲရွေးပါ။ ပြီးရင် Forward ကို နှိတ်ပါ။
13
ပြီးရင် Time Zone ကိုရွေးပါ။ Region မှာ Asia ကိုရွေးပြီး City မှာ Rangoon သို့မဟုတ် Yangon ကို
ရှာပြီးရွေးပါ။ (သင်ဘယ်မြို့မှာပဲဖြစ်ဖြစ် Yangon ကိုရွေးခြင်းအားဖြင့် မြန်မာ time zone UTC +6.5
ကိုရနိုင်ပါတယ်။) ပြီးရင် Forward ကို နှိတ်ပါ။
14
ဒီအဆင့်မှာတော့ keyboard layout ကိုရွေးရပါလိမ့်မယ်။ အလွယ်ကူဆုံးကတော့ “Suggested option: USA”
ကိုရွေးခြင်းပဲဖြစ်ပါတယ်။
15
ဒီအဆင့်ကတော့ အူဘွန်းတူးတင်မယ့် hard disk partition ကိုရွေးတယ့်အဆင့်ပါ။ တစ်ယောက်နဲ့တစ်ယောက်
တင်ပုံခြင်းမတူနိုင်တယ့်အတွက် သတိထားဖို့လိုပါတယ်။ ဒီအဆင့်မှာ အူဘွန်းတူးတင်မယ့် hard disk partition
ကို မရွေးခင် ဒီလမ်းညွှန်ရဲ့ အပိုင်း ၃/၃ မှာ ဖော်ပြထားတာကို သေသေခြာခြာနားလည်ဖို့လိုပါတယ်။
စာဖတ်သူအနေနဲ့ hard disk partition အကြောင်းကို သေသေခြာခြာနားမလည်ပဲ မှားရွင်းရွေးချယ်မိလို့
ရှိပြီးသား operating system ပျက်စီးသွားခဲ့ရင် စာရေးသူအပေါ်မှာ လုံးဝတာဝန်မရှိကြောင်း ရှင်းရှင်းလင်းလင်း
ပြောပြထားလိုပါတယ်။
အကောင်းဆုံးကတော့ သင့်မှာ အူဘွန်းတူးတင်ဖို့ hard disk သို့မဟုတ် partition တစ်ခုကို
သီးသန့်ဖယ်ထားပြီးဖြစ်ဖို့ပါပဲ။ အကယ်ရွေ့ သင့်ကွန်ပျူတာမှာ Windows တစ်ခုရှိပြီးသားဆိုရင် အောက်ပါ
screen ကိုတွေ့ပါလိမ့်မယ်။
ပြီးရင် “Specify partitions manually (advanced)” ကိုရွေးပါ။
Forward ကို နှိတ်ပါ။
နောက် screen တစ်ခုကိုရောက်သွားပါလိမ့်မယ်။
16
Prepare partition ရဲ့ screen မှာ သင့်ရဲ့ အူဘွန်းတူးအတွက် hard disk သို့မဟုတ် partition ကို ရွေးပါ။
ပြီးရင် Forward ကို နှိတ်ပါ။
( အကယ်ရွေ့ သင်က အူဘွန်းတူးအတွက် hard disk သီးခြား တစ်ခုကိုသုံးမယ်ဆိုရင် အဲဒီ hard disk ကို
ဒီအဆင့်မှာ partition ပိုင်းနိုင်ပါတယ်။ စာဖတ်သူရဲ့ နားလည်မှု ရှုတ်ထွေးသွားနိုင်တယ့်အတွက်
မဖော်ပြတော့ပါဘူး။ )
17
နောက်အဆင့်မှာတော့ အူဘွန်းတူးအတွက် Full Name, user name, password နဲ့ computer name
တွေကိုဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ user name နဲ့ password ကို မမေ့ပါစေနဲ့။ ပြီးရင် Forward ကို
နှိတ်ပါ။
Log in automatically ကို ရွေးခဲ့ရင် အူဘွန်းတူးထည်း ဝင်တယ့်အခါ password မလိုပဲ အလိုလျှောက်
ဝင်သွားပါလိမ့်မယ်
Require a password to log in ကို ရွေးခဲ့ရင် အူဘွန်းတူးထည်း ဝင်တယ့်အခါ user name နဲ့ password ကို
ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်
18
နောက် screen မှာတော့ သင်ဖြည့်စွက်ခဲ့တယ့် အချက်အလက်တွေအားလုံးကို
စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ မထည့်သွင်းခင် အချက်အလက်တွေကို ပြင်ဆင်လိုရင် Back ကို နှိတ်ပြီး
ပြင်ချင်တယ့်နေရာကို ပြန်သွားလို့ရပါတယ်။ ပြင်စရာမရှိတော့ရင်တော့ Install ကို နှိတ်ပါ။
( ဒီနေရာမှာ တစ်ခုသတိပေးချင်တာကတော့ သင့်ကွန်ပျူတာထည်းမှာ Windows ရှိပြီးသားဖြစ်ရင် အူဘွန်းတူး
တင်တယ့်အခါ operating system နှစ်ခုကို ရွေးချယ်နိုင်အောင် Boot Loader ကို
အလိုလျှောက်တင်ပေးပါလိမ့်မယ်။ ဒါကြောင့် အူဘွန်းတူးတင်ပြီးတယ့်အခါ သင့်ကွန်ပျူတာကို ပြန်စတယ့်
အခါတိုင်း Boot Loader ကို တွေ့ပါလိမ့်မယ်။ Boot Loader က သာမန် အနက်ရောင် screen တစ်ခုဖြစ်ပြီး
ရွေးချယ်စရာ operating system နှစ်ခုကို Ubuntu နဲ့ Windows ဆိုပြီး ပေးပါလိမ့်မယ်။ Ubuntu ကိုတော့
default အနေနဲ့ ရွေးပေးထားတာဖြစ်လို့ သင့်အနေနဲ့ Windows ကို သွားချင်တယ့်အခါ Boot Load မှာ
Windows ကို ရွေးပေးဖို့ လိုပါလိမ့်မယ်။ Windows ကို default အနေနဲ့ ပြုလုတ်ချင်တယ်ဆိုရင်တော့
အူဘွန်းတူးထည်းမှာ Grub boot loader ရဲ့ configuration ဖိုင်ကို ပြင်လို့ရပါတယ်။ )
19
Install ကို နှိတ်ပြီးတယ့်အခါ အူဘွန်းတူးထည့်သွင်းမှုကို စတင်ပါလိမ့်မယ်။ အပြင်ထွက်ပြီး စိတ်အေးလက်အေး
ကော်ဖီသွားသောက်လို့ ရပါတယ်။ နာရီဝက် လေးဆယ့်ငါးမိနစ် လောက်ကြာမှ ပြန်လာပါ။
20
ထည့်သွင်းမှု ပြီးတယ့်အခါ သင့်ကို restart လုတ်ခိုင်းပါလိမ့်မယ်။ Restart Now ကို နှိတ်ပါ။
21
CD ကို ထုတ်လိုက်ပါ။ ပြီးရင် သင့် keyboard က Enter ကို နှိတ်ပါ။ ကွန်ပျူတာက အလိုလျှောက်
ပြန်စပါလိမ့်မယ်။
22
ကွန်ပျူတာ ပြန်စတယ့်အခါ Boot Loader ကို တွေ့ပါလိမ့်မယ်။ သင်ဘာမှ မရွေးတယ့်အခါ Boot Loader ရဲ့
default ရွေးချယ်မှုဖြစ်တယ့် အူဘွန်းတူးကို စတင်ပါလိမ့်မယ်။ အူဘွန်းတူး စတင်ပြီးတယ့်အခါ
သင်ရွေးချယ်ခဲ့တယ့် user name နဲ့ password ကို ရိုတ်ထည့်လိုက်ပါ။
23
ဂုဏ်ယူပါတယ်။ သင်ဟာ အူဘွန်းတူး လင်းနက်စ်ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါပြီ။
24
၆။ အူဘွန်းတူး ထည့်သွင်းပြီးနောက်
အကယ်ရွေ့ သင်ဟာ လင်းနက်စ်နဲ့ အကျွှမ်းတဝင် မရှိသေးရင် ဒါမှမဟုတ် လင်းနက်စ်
ခြေခံမရှိသေးရင် အူဘွန်းတူးကို သုံးစွဲရတာ အနည်းငယ် ခက်ခဲနေနိုင်ပါတယ်။ အဓိက အကျဆုံးကတော့
လင်းနက်စ် file and directory structure ပါပဲ။ နောက်တစ်ချက်က ဆော့ဖ်ဝဲ အသွင်းအထုတ်ပါ။ file and
directory structure ကို နားလည်ဖို့ကတော့ online မှာပဲ ရှာဖွေလေ့လာကြည့်ပါ။
http://www.linuxforums.org/forum/linux-tutorials-howtos-reference-material/5022-linuxdirectory-
structure-overview.html
ဆော့ဖ်ဝဲ အသွင်းအထုတ်ကိုတော့ အူဘွန်းတူးရဲ့ Synaptic Package Manager ကိုသုံးနိုင်ပါတယ်။
Synaptic Package Manager က Windows ရဲ့ Control Panel ထည်းက Add/Remove Programs လိုမျိုး
ဆော့ဖ်ဝဲတွေကို အလွယ်တကူ အသွင်းအထုတ်ပြုလုတ်နိုင်ပါတယ်။ ဘာသာပြန်သူအနေနဲ့ အူးဘွန်းတူး သုံးစွဲသူ
လမ်းညွှန်ကို ရေးသားဖို့ စိတ်ကူးရှိပေမယ့် အချိန်မပေးနိုင်သေးတာကြောင့် အူဘွန်းတူးရဲ့ မူရင်းနေရာမှာပဲ
အင်္ဂလိပ်လို သွားရောက် ဖတ်ရှုနိုင်ပါတယ်။
https://help.ubuntu.com/9.04/
အကယ်ရွေ့ သင့်ရဲ့ အူဘွန်းတူး desktop ကို လှလှပပပြုလုတ်ချင်တယ် ဆိုရင်တော့
အောက်ပါနေရာတွေကို သွားရောက်လေ့လာကြည့်ပါ။
http://seogadget.co.uk/ubuntu-intrepid-ibex-installation/
http://seogadget.co.uk/how-to-install-compiz/
အူဘွန်းတူးမှာ ဇော်ဂျီမြန်မာ font တင်ချင်ရင်တော့
http://saturngod.blogspot.com/2007/09/zawgyi-for-ubuntu.html
http://www.ubuntu4mm.org/
http://code.google.com/p/zawgyi-keyboard/
25
စာညွှန်း
အူဘွန်းတူး ထည့်သွင်းလမ်းညွှန် ၉.၀၄ သည် အူဘွန်းတူး ဝက်ဘ်ဆိုက်မှ မူရင်းလမ်းညွှန်ကို ဆီလျော်အောင်
ဘာသာပြန်ထားခြင်းဖြစ်သည်။
https://help.ubuntu.com/9.04/installation-guide/index.html
အပိုင်း ၅ အူဘွန်းတူး ထည့်သွင်းမှု စနစ်ကို အသုံးပြုခြင်း နှိုက် လိုအက်သော screenshot များကို အောက်ပါ
နေရာများမှ ရယူထားသည်။
https://help.ubuntu.com/9.04/installation-guide/index.html
https://help.ubuntu.com/9.04/installation-guide/index.html
http://www.shivaranjan.com/2009/04/26/ubuntu-linux-jaunty-jackalope-904-installation-guidewalkthrough/
ဤလမ်းညွှန်တွင် ဖော်ပြထားသော website links များ၏ မူလရေးသားသူများ အားလုံးကို
အထူးကျေးဇူးတင်ရှိပါသည်။
Labels:
Transformer
Subscribe to:
Comments (Atom)
